10 October, 2011

ထင်ထင်ရှားရှား မှန်သော တရား


ကျမ်းမြတ်ကုရ်အာန်( وما خلقت الجن والإنس إلا ليعبدون
(ငါ အရှင်မြတ်တစ်ပါးတည်း ကိုသာ ခ၀ပ်ကိုးကွယ် ရန်အလို့ငှာ ဂျင်သတ္တ၀ါ နှင့်လူသတ္တ၀ါ တို့ကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပေသည်။ )

وَخَلَقَ الجانَ مِن مَارِجٍ مِن نارً"
ကျမ်းမြတ်ကုရ်အာန် (ထို မှတပါး ထိုအရှင်မြတ်သည် ပင် ဂျင်န်သတ္တ၀ါတို့ကို ဂျင်သတ္တ၀ါတို့၏ ဖခင် “အစ်ဗ်လီစ်ကို” မီးခဲ မီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏ ။ )


"وَأنَهُ كان رِجالٌ مِنَ الإِنسِ يَعوذونَ بِرِجالً مِنَ الجِنِ فَزادوهمْ رَهَقاً"
ကျမ်းမြတ်ကုရ်အာန်( ထို့ပြင် အမှန်စင်စစ် လူသားအချို့တို့သည် ဂျင်န်အချို့တို့၏ ထံတွင် ပူဇော်ပသ ခိုလှုံလေ့ရှိခဲ့ကြပေရာ ထိုလူသားတို့သည် ထို ဂျင်န်များ၏ ပုန်ကန်မှုကို ပိုကဲစေခဲ့ကြကုန်၏ ။)

وعن عائشة - رضي الله عنها - عن رسول الله - صلى الله عليه وسلم - قال : خلقت الملائكة من نور
မြတ်တမန်တော် အမိန့်ရှိခဲ့သည်( အရှင်မြတ်သည် ကောင်းကင် တမန် တို့အား ရောင်ခြည်ဖြင့် ဖန်ဆင်းတော်မူခဲ့ သည်)

الجن:
أصل جامع لكل من الشيطان والعفريت والمارد والمسلم من الجان، فكلمة جن تعني كل هؤلاء لأن الجن ما سمى بذلك إلا لتخفيه وعدم ظهوره وكل هؤلاء ( العفريت والمارد والشيطان ) فصائل من صنف الشيطان.
ရှိုင်တွာန် မာရ်နတ် သရဲတစ္ဆေ စသည်ဖြင့်  အမျိုးအစားတို့ကို ဂျင်န်သတ္တ၀ါ ဟုချုံပြီးခေါ်သည်။

အထက်ပါ အကြောင်းအရာများကို အရင်ဦးစွာရှင်းပြသည့် ရည်ရွယ်ချက်မှာ ဆက်လက်ပြီးဖေါ်ပြမည့် အကြောင်းအရာများ ကို မိတ်ဆွေတို့ သေသေချာချာ သဘောပေါက်စေဖို့ ရည်ရွယ်ခြင်း ဖြစ်သည်။


عن أبي هريرة رضي الله عنه أن النبي صلى الله عليه وسلم قال : "إذا

سمعتم صياح الديكة فاسألوا الله من فضله ، فإنها رأت ملكًا ، وإذا سمعتم

نهاق الحمير فتعوذوا بالله من الشيطان ، فإنها رأت شيطانًا
မြတ်တမန်တော် အမိန့်ရှိခဲ့သည် ( အသင်တို့ ကြက်တွန်သံ ကြားရသောအခါ တစ်ပါးတည်းသော ဖန်ဆင်းရှင် အား တသသတိရ ချီးမွမ်းထောမနာပြုကြပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်တမန်ကို မြင်ရလေသည်။ အသင်တို့ မြည်းအော်သံကို ကြားရသောအခါ  ရှိုင်တွာန် မကောင်းဆိုးဝါး မာရ်နတ် ၏ အနှောက်အယှက်မှ ကင်းဝေးရန် အရှင့်ထံပါး၌ ခိုလှုံကြပါ။ အဘယ်ကြောင့်ဆိုသော် မြည်း သည် မကောင်းဆိုးဝါး ရှိုင်တွာန်မာရ်နတ်ကို မြင်ရလေသည် ။ )

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ က တမန်တော် အမိန့်ရှိခဲ့သော တရားကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိလက်ခံလာကြ ပြန် လေပြီး ။ လူသား ၏ အမြင်စွမ်းအား သည်  အတိုင်းအတာ တစ်ခုသာဖြစ်သည် ။ လူသား ၏ အမြင်စွမ်းအား သည် မြည်း မြင်ရသော အရာ နှင့် ကြက်မြင်ရသော အရာကို မမြင်ရပေ။ လူသားသည် အနီအောက်ရောင်ခြည်ကို မမြင်ရသကဲ့သို့ ခရမ်းလွန်ရောင်ခြည် ကိုလည်းမမြင်ရပေ။
မြည်းသည် အနီအောက်ရောင်ခြည် (IR) ကိုမြင်ရသည် ။ ထို့ကြောင့် မီးဖြင့်ဖန်ဆင်းခံရသော ရှိုင်တွာန် မကောင်းဆိုးဝါးကို မြင်ရသည် ။
ကြက်သည် ခရမ်းလွန်ရောင်ခြည် (uv) ကိုမြင်ရသည် ။ ထို့ကြောင့် ရောင်ခြည်ဖြင့် ဖန်ဆင်းထားသော ကောင်းကင်တမန်ကို မြင်ရသည် ။
ကောင်းကင်တမန်များရောက်ရှိလာ သောအခါ  မကောင်းဆိုးဝါး ရှိုင်တွာန် မာရ်နတ် တို့သည် ထွက်ပြေးကြသည် ။ အဘယ်ကြောင့်နည်း ။ ကောင်းကင်တမန်တို့၏ ရောင်ခြည်ကို  မခံနိုင်သဖြင့် ရှိုင်တွာန်မာရ်နတ် တို့ထွက်ပြေးကြသည် ။ ဥပမာ ( ခရမ်းလွန်ရောင် ခြည်နှင့် အနီအောက် ရောင်ခြည် ထိပ်တိုက်ဆုံလာပါက အနီအောက်ရောင်ခြည်သာ ပျက်ပျယ်ကုန်သည်။ )

(တမန်တော်ယူဆောင် လာသော မှန်ကန်သော တရားဓမ္မကို  ကျင့်ကြံအားထုတ်ခြင်း ဖြင့် မသေခင်ပြင်ဆင်ကြပါစို့)


09 October, 2011

ကုရ်အာန် မှ ပြောသော လက်ဗွေ


 
၁၉ ရာစုခန့်တွင် ပညာရှင်တို့ လက်ဗွေ၏ ထူးခြားချက်ကို စတင်သတိပြုမိသွားသည်။ တစ်ကမ္ဘာလုံးရှိ လူသားတို့ လက်ဗွေ တစ်ဦးနှင့် တစ်ဦးလုံးဝမတူကြောင်း ရှာဖွေသိရှိသွားသည်။  ယုတ်ဆွအဆုံး  အမွှာမောင်နှမ သည်လည်း လက်ဗွေတစ်ဦးနှင့် တစ်ဦးမတူဆင်ကြောင်း ရှာဖွေသိရှိလာကြသည်။ သို့ဖြစ်၍ နိုင်ငံတကာတွင်  လုံခြုံရေး အတွက်လည်းကောင်း ၊ အထွေထွေ အတွက်လည်းကောင်း လက်ဗွေသည် အကောင်းဆုံး မှတ်ပုံတင် အဖြစ် အသုံးပြုလာကြသည်။
ကျမ်းမြတ်ကုရ်အာန် ( လူသားသည်(သေပြီးနောက်ပြန်ရှင်ပြန်ထရမည့် ကိယာမသ် အစစ်ဆေးအမေးမြန်းခံရမည့်နေ့ ၌) ၄င်း၏ အရိုးများကို ငါအရှင်မြတ်စုပေါင်းတော်မည် မဟုတ်ဟု ထင်မှတ်၍ နေလေသလော ။  အဘယ်ကြောင့်ငါ အရှင်မြတ် မလုပ်နိုင်ရမည်းနည်း (ထိုထက်မက)ငါ အရှင်မြတ်သည် ထိုလူသား ၏ البنان هو نهاية الإصبع လက်ချောင်း ထိပ် (လက်ဗွေ) များကိုပင်လျှင် မူလအခြေအနေအတိုင်း ပြန်လည်ဖန်ဆင်းရန် တတ်စွမ်းနိုင်သောမူ သော ဖန်ဆင်းရှင်ဖြစ်ပေသည်)

على أن نسوي بنانه البنان عند العرب : الأصابع ، واحدها بنانة
 (တဖ်စီးရ်   
 (قرطبى


(ကိယာမသ်နေ့၌ တစ်ပါးတည်းသော ဖန်ဆင်းရှင်ကို မယုံကြည်သူများ ကိယာမသ်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရသော အခါ အကြောက်ကြီး ကြောက်လန့်ကာ ကျွန်ုပ်တို့ အဘယ်သို့ တိမ်းရှောင်ထွက်ပြေးရမည်းနည်းဟု ပြောဆိုညည်းညူပေမည် ။ လွတ်မြောက်ရန် လမ်းစဟူ ၍ အလျှင်းရှိမည်မဟုတ်)

والله أعلم

အနောက်နိုင်ငံ ပညာရှင် ၁၃ ဦး တစ်ပါးတည်းသော ဖန်ဆင်းရှင်ကို ယုံကြည်သက်ဝင် မွတ်စလင်ဖြစ်လာသော ဗီဒီယိုဖိုင်

ွှ                                              နှစ်လသား သန္ဓေသားအပုံ
ကျမ်းမြတ်ကုရ်အာန် (မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို(လူသား ၏ဖခင် တမန်တော် အာဒမ်) ရွှံ့မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့၏ ။ ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်ကို) လုံခြုံသော နေရာတစ်ခု (သားအိမ် တွင်း ၌) ကလလ ရေကြည်ဖြစ်စေ တော်မူခဲ့ ၏ ။  ထို့နောက် ငါ အရှင်မြတ်သည် ယင်းကလလ ရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏ ။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံး အဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်၏ ။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများဖြင့် ဖန်ဆင်းတော်မူခဲ့ပြန်၏ ။
ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာ ဆင်မြန်း၍ ပေးတော်မူခဲ့၏ ။ ထို့နောက် ငါအရှင်မြတ်သည် ယင်း (အသားဖြင့် ဆင်မြန်းပြီးဖြစ်သော အရိုးများ) ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခု အဖြစ် ဖြစ်ပေါ်၍ လာစေတော်မူခဲ့၏ ။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ် အရှင်မြတ်သည် အဘယ်မျှ ထူးကဲ မြင့်မြတ်လှဘိပါသနည်း ။
တစ်ဖန် ဧကန်အမှန်အသင်တို့သည် ထို (ထူးဆန်း အံ့ဖွယ်ဖြစ်သော အခြေအနေတို့ကို ကျော်လွန်ပြီး)နောက် အမှန်ပင် အသက်သေဆုံးကြရမည့်သူများ ဖြစ်ကြကုန် ၏ ။
တစ်ဖန် ဧကန်မလွဲ အသင်တို့သည်  (ပြုခဲ့သော ကောင်းမှု မကောင်းမှု အစစ်ဆေး အမေးမြန်းခံရမည့်) ကေယာမသ်နေ့တွင် ရှင်ပြန်ထကြရအံ့သတည်း ။ )

တခဏတာ

ခလေးမွေးဖွါးလာသောအခါ ခလေး၏ ညာဘက်နှားတွင် အာဇာန် ဆိုပြီး ၊ ဘယ်ဘက်နားတွင် အေကာမသ်(ဆွလာသ်ဝတ်ပြုစတွင် ဆိုရသော) ဆိုပေးကြရန် မြတ်တမန်တော် အမိန့်ရှိခဲ့သည်။
ဝတ်ပြုရမည့် ဆွလာသ် တိုင်းတွင် အာဇန်ဆိုရသည် ။အေကာမသ်ဆိုရသည်။
အာဇာန် လည်း မဆိုရ အေကာမသ်လည်း မဆိုရသော ဆွလာသ် တစ်မျိုးရှိသည်ကို အသင်သိပါသလား ?
ထိုဆွလာသ် သည် လူတို့သေဆုံးသော အခါ ၀တ်ပြုရသော  ဂျနာဇာဟ်ဆွလာသ်ပင်ဖြစ်သည်။
ခလေးအတွက် အာဇာန် ၊အေကာမသ် ဆိုပေးရခြင်းသည် လူတို့ သံဝေဂယူစရာ ပင်ဖြစ်သည်။
တိုတောင်းသော တခဏတာလူ့သက်တမ်း၌ တစ်ပါးတည်းသောဖန်ဆင်းရှင်ကို ခ၀ပ်ကိုးကွယ်ကာ  အရှင်မြတ်နှစ်သက်တော်မူတော် မူသော တမန်တော်၏ လမ်းစဉ်အတိုင်း လိုက်နာခြင်းသည်သာ လူဖြစ်ရခြင်း ၏အဓိက အကြောင်းတရားဖြစ်ပေသည်။ 
မွေးဖွါးလာသည်နှင့် အာဇန် ၊ အေကာမသ် ဆိုပြီး  လူ့လောက၌ တခဏတာလေးနေပြီးသည်နှင့် ဂျနာဇဟ်(သေသူအတွက်)ဆွလာသ် ၀တ်ပြုပြီး လူ့လောကမှ မြန်မြန်ဆန်ဆန် ကျောခိုင်းသွားရသည်သာ ။

: ( يا أيها الذين آمنوا قوا أنفسكم وأهليكم ناراً  ) التحريم/
ကျမ်းမြတ်ကုရ်အာန်(အို တစ်ပါးတည်းသောဖန်ဆင်းရှင် ကို ယုံကြည် ကိုးကွယ်ကြသူ အပေါင်းတို့  မိမိတို့၏ မိသားစုကို ကြောက်မက်ဖွယ်ကောင်းသော ငရဲမှ (မှန်ကန်သော တရားလမ်းစဉ်ကို ပို့ချခြင်းဖြင့် ) ကယ်တင်ကြလေကုန်။




လက်ဖ၀ါး

အသင့်လက်ဖ၀ါးမှာ ရှိတဲ့ လမ်းကြောင်းလေးတွေဟာ ထူးဆန်းနေတယ်လို့ အသင် မထင်မိဘူးလား ? အသင့်ရဲ့ ညာဘက်လက်ဖ၀ါးကို အသင်ကြည့်လိုက်ပါ။  ဂဏန်းဖြင့်ကြည့်မယ်ဆိုရင် ၁၈ ဆိုပြီးတွေ့နေရတယ်။ ဘယ်ဘက်လက်ဖ၀ါးကတော့ ၈၁ ဆိုပြီးတွေ့နေရတယ်။
အခုဂဏန်း နှစ်ခုကို ပေါင်းကြည့်လိုက်မယ်ဆိုရင် ၁၈ +၈၁ =၉၉ ရမယ်။ ၉၉ ဆိုတာ တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်ရဲ့ ဂုဏ်တော်  ပါပဲ။
အခုဂဏန်း နှစ်ခုကို နုပ်ကြည့်လိုက်မယ်ဆိုရင် ၈၁-၁၈= ၆၃ ။ ကမ္ဘာ့လူသားထုတစ်ရပ်လုံး ရဲ့ နောက်ဆုံးတမန်တော်  မုဟမ္မဒ် (ဆွ)  ရဲ့ ဘ၀သက်တမ်း ၆၃ နှစ်ပါပဲ။
يقول الرسول الاكرم محمد صلى الله عليه وآله وسلم في حديثه الشريف أنـــه يُستحب أن يلعق الانسان يديهِ بعد انتهائهِ من الأكل
မြတ်တမန်တော် ဤသို့မိန့်ခဲ့သည်။ (အသင်တို့ အစားအစာ သုံးဆောင်ပြီးသော အခါ လက်ချောင်းတွေကို စုပ်စားခြင်းပြုသင့်ပေသည် ။ )
ယခုပညာရှင်တို့ စမ်းသပ်ချက် အရ အစာစားပြီး လက်ချောင်းတွေကို စုပ်ခြင်းအားဖြင့် အစာအိမ် အချဉ်ဖေါက်ခြင်း မှ တားဆီးပေးပြီး  ကောင်းမွန်စွာ အစာချေပေးလေသည်။
ထိုအစာချေစေသော အရာသည် ဘယ်ကလာသည်ကို အသင်သိပါသလား ?
လက်ဖ၀ါးလမ်းကြောင်းမှ လာခြင်းဖြစ်ပေသည်။
(မွတ်စလင်တို့၏ တရားဓမ္မ ကျင့်စဉ် အထဲမှာပင် မွတ်စလင်မ်တိုင်း အတွက် လောကီလောကုတ္တရာ အကျိုးကျေးဇူး ရှိပေသည်။ )

سبحان الله ..