09 October, 2011

လက်ဖ၀ါး

အသင့်လက်ဖ၀ါးမှာ ရှိတဲ့ လမ်းကြောင်းလေးတွေဟာ ထူးဆန်းနေတယ်လို့ အသင် မထင်မိဘူးလား ? အသင့်ရဲ့ ညာဘက်လက်ဖ၀ါးကို အသင်ကြည့်လိုက်ပါ။  ဂဏန်းဖြင့်ကြည့်မယ်ဆိုရင် ၁၈ ဆိုပြီးတွေ့နေရတယ်။ ဘယ်ဘက်လက်ဖ၀ါးကတော့ ၈၁ ဆိုပြီးတွေ့နေရတယ်။
အခုဂဏန်း နှစ်ခုကို ပေါင်းကြည့်လိုက်မယ်ဆိုရင် ၁၈ +၈၁ =၉၉ ရမယ်။ ၉၉ ဆိုတာ တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်ရဲ့ ဂုဏ်တော်  ပါပဲ။
အခုဂဏန်း နှစ်ခုကို နုပ်ကြည့်လိုက်မယ်ဆိုရင် ၈၁-၁၈= ၆၃ ။ ကမ္ဘာ့လူသားထုတစ်ရပ်လုံး ရဲ့ နောက်ဆုံးတမန်တော်  မုဟမ္မဒ် (ဆွ)  ရဲ့ ဘ၀သက်တမ်း ၆၃ နှစ်ပါပဲ။
يقول الرسول الاكرم محمد صلى الله عليه وآله وسلم في حديثه الشريف أنـــه يُستحب أن يلعق الانسان يديهِ بعد انتهائهِ من الأكل
မြတ်တမန်တော် ဤသို့မိန့်ခဲ့သည်။ (အသင်တို့ အစားအစာ သုံးဆောင်ပြီးသော အခါ လက်ချောင်းတွေကို စုပ်စားခြင်းပြုသင့်ပေသည် ။ )
ယခုပညာရှင်တို့ စမ်းသပ်ချက် အရ အစာစားပြီး လက်ချောင်းတွေကို စုပ်ခြင်းအားဖြင့် အစာအိမ် အချဉ်ဖေါက်ခြင်း မှ တားဆီးပေးပြီး  ကောင်းမွန်စွာ အစာချေပေးလေသည်။
ထိုအစာချေစေသော အရာသည် ဘယ်ကလာသည်ကို အသင်သိပါသလား ?
လက်ဖ၀ါးလမ်းကြောင်းမှ လာခြင်းဖြစ်ပေသည်။
(မွတ်စလင်တို့၏ တရားဓမ္မ ကျင့်စဉ် အထဲမှာပင် မွတ်စလင်မ်တိုင်း အတွက် လောကီလောကုတ္တရာ အကျိုးကျေးဇူး ရှိပေသည်။ )

سبحان الله ..

No comments:

Post a Comment